Thursday, November 20, 2014
Honest Hacking Guide
ကွန်ပျူတာသုံးစွဲနေသူတွေ အများစုတွေ့ကြုံနေရတဲ့ security Password ဆိုင်ရာတွေကို မိမိကိုတိုင်ဖတ်ရှုလေ့လာနိုင်ဖို့ သန်းထိုက်(ရွှေရိပ်)ရေးသားသောရိုးသားစွာထိုးထွင်းလေ့လာခြင်း(Honest Hacking Guide) စာအုပ်လေးကိုဆောင်ထားရအောင်မျှဝေပေးလိုက်ပါတယ်။
Wednesday, November 12, 2014
Thursday, March 27, 2014
ခဲပန်းချီဆွဲနည်း
ခဲပန်းချီဆွဲနည်းလေ့လာလိုသူများကို အဆင့်လိုက် ဘယ်လိုဆွဲရမည်ဆိုတာကို ဖေါ်ပြပေးထားပါတယ်။
စန္ဒယားတီးလေ့ကျင့်လိုသူများ
စန္ဒယားတီး လေ့ကျင်လိုသူများ
အင်တာနက်ပေါ်ကနေ စန္ဒယားတီး လေ့ကျင့်လိုသူများအတွက် အပိုင်းလိုက် ခွဲခြား တင်ပေးထားပါတယ်။ အသံ အနိမ့် အမြင့်ကို
လိုက်ပြီး မိမိနှစ်သက်တဲ့ အပိုင်းမှာ တီးခတ်နိုင်အောင် စီစဉ်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တီးခတ်ထားတဲ့ နမူနာများကို
တွေ့မြင်နိုင်မှာ ဖြစ်ပြီး၊ မိမိကိုယ်တိုင် တီးခတ်တဲ့ အသံများကိုလည်း နားဆင်နိုင်အောင် စီစဉ်ထားပါတယ်။
သွားရောက်လေ့ကျင့်ရန်
Serial Key များ
Serial Key များကို ရှာဖွေနေသူများ အတွက်
Application တွေအတွက် Serial Key တွေ လိုအပ်လာတဲ့အခါ ရှာဖွေပြီး ရယူနိုင်မယ့် Site တစ်ခု ဖြစ်ပါတယ်။ ရှာဖွေချင်တဲ့ Software အမည်ကို သိရုံနဲ့ အလွယ်တစ်ကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီ site ကတော့ Serial Key တွေကို လိုက်လံ ရှာဖွေသူများ အသုံးဝင်မဲ့ Site တစ်ခုဖြစ်ပါတယ်။
သွားရောက်လေ့လာရန်
သွားရောက်ရှာဖွေရန်
mobile phone game များရယူရန်
mobile phone game များကို ရယူလိုသူများ အတွက်
ဒီ site ကတော့ Java, Android နဲ့ Window Mobile Phone များအတွက် game များ ရယူနိုင်မယ့် Website တစ်ခု ဖြစ်ပါတယ်။
game အတော်များများကို အခမဲ့ ရယူအသုံးပြုနိုင်အောင် စီစဉ်ထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ mobile ဖုန်းများ ရယူလို
သူများအတွက် အသုံးဝင်မဲ့ site တစ်ခုဖြစ်ပါတယ်။
သွားရောက်လေ့လာရန်
photo လေးတွေ ပြင်ရအောင်
photo လေးတွေ ပြင်ရအောင်
အွန်လိုင်းမှာ photo တွေကို ပြုလုပ်ပြီး သူငယ်ချင်းတွေကို ဝေမျှချင်တဲ့ သူတွေအတွက် အရမ်းကောင်းတဲ့ photo editing website
လေးကို ဖေါ်ပြလိုက်ပါတယ်။ Uplode တင်ပေးပြီးတော့ magazine cover ပုံစံလုပ်မလား၊ လက်ဆောင်ကဒ် ပုံစံလေးတွေ
လုပ်မလား ကြိုက်သလို ပြုလုပ်နိုင်ပါတယ်။ facebook, twitter, Hi5 တို့ကနေလည်း ဝေမျှနိုင်ပါတယ်။ အသုံးပြုရတာ အဆင်ပြေ
တဲ့အတွက် ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်ပါ။
သွားရောက်လေ့လာရန်
သွားရောက်လေ့လာရန်
portable software တွေယူကြမယ်
p
portable software တွေယူကြမယ်
ဒီ site ကတော့ အလွန် အသုံးဝင်ပြီး ပေါ့ပါးသော Portable Software များနှင့် အခြား Portable Game များ စုံလင်စွာ Download
ပြုလုပ်ပြီး အသုံးပြုလို့ ရပါတယ်။ CD ဒါမှမဟုတ် USB Flash Drive များ အတွင်း ထည့်သွင်း အသုံးပြုနိုင်ခြင်းကြောင့် သွားလေရာ
တွင် ယူဆောင်ပြီး အသုံးပြုနိုင်ပါတယ်။ Software ပေါင်း မြောက်များစွာ ပါဝင်ပြီး Download ပြုလုပ်ရာတွင် အခက်အခဲ မရှိဘဲ
လွယ်ကူ မြန်ဆန်ပါတယ်။
သွားရောက်လေ့လာရန်
Snow Player
Snow Player
ဆော့ဝဲအမျိုးအစား - Video Player
ဗားရှင်း - 1.0
ဖိုင်အရွယ်အစား - 256.82 KB
အသုံးပြုနိုင်သည့် OS - Window2003/Window Vista/Window Me/Window7/WindowXP/Window2000/Window98
Snow Player ဟာ audio, video နဲ့ image ဖိုင်များအပြင် internet radio stream (mp3,ogg,wma) များကို ဖွင့်ပေးနိုင်တဲ့ media Player တစ်ခုဖြစ်ပါတယ်။CD bunner ပါဝင်ပြီး ကူးယူ လိုတဲ့ သီချင်းများကို CD-R/RW ဖြင့် ထည့်သွင်း ရယူနိုင်မှာ ဖြစ်ပါတယ်။ USB pendrive ဒါမှမဟုတ် CD/DVD disk တွေကနေ တဆင့် လွယ်ကူစွာ အသုံးပြုနိုင်တာကြောင့် ဒီဆော့ဖ်ဝဲကိုinstallation လုပ်စရာ မလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဆော့ဖ်ဝဲရယူရန်
Easeus Recovery Software
Easeus Recovery Software
ဆော့ဝဲအမျိုးအစား - Recovery Software
ဖိုင်အရွယ်အစား - 4.68 MB
အသုံးပြုနိုင်သည့် OS- Window2000, Window Vista, Window XP, Window 7, Window 8
ဒီ Application ဟာ Computer အတွင်းမှာ ရှိတဲ့ Partition မှာ ဖိုင်တွေဖျက်မိသွားရင်ပဲ ဖြစ်ဖြစ်၊ Format ချလိုက်မိလို့ Data တွေဆုံးရှုံးသွားရင်ပဲ ဖြစ်ဖြစ်၊ ပြန်လည်ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Flash Drive, SD Card အစရှိတဲ့ Storage Device တွေကိုပါ အထောက်အပံ့ ပေးထားပါတယ်။ Computer အသုံးပြုသူများ မတော်တဆ ပျက်စီးသွားတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်လည်ရှာဖွေ နိုင်အောင် စီစဉ်ထားတဲ့ Application တစ်ခု ဖြစ်ပါတယ်။
ဆော့ဖ်ဝဲရယူရန်
KPassC
KPassC
ဆော့ဝဲအမျိုးအစား - Password Mananger
ဗားရှင်း - 1.1.06
ဖိုင်အရွယ်အစား - 4.7 MB
အသုံးပြုနိုင်သည့် OS- Window2003, WindowVista, WindowXP, Window7, Window8
Login မှတ်တမ်းတွေနဲ့ အချက်အလက်တွေကို လုံခြုံစွာ သိမ်းဆည်းပေးနိုင်ပါတယ်။ အသုံးပြုသူ သိမ်းဆည်း ထားတဲ့ အရေးကြီး အချက်အလက်တွေကို Operating System အလွယ်တကူ ပြန်လည်ရှာယူ အသုံးပြုနိုင်ဖို့ အတွက် KPassC က ကူညီပေးမှာ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် OS တွေနဲ့လည်း အဆင်ပြေစွာ အသုံးပြုနိုင် ပါတယ်။
ဆော့ဖ်ဝဲရယူရန်
Sound Improver Light
Sound Improver Light
ဆော့ဝဲအမျိုးအစား - Music Management Software
ဆော့ဝဲအမျိုးအစား - Music Management Software
ဗားရှင်း - 1.1
ဖိုင်အရွယ်အစား - 151.25 KB
အသုံးပြုနိုင်သည့် OS- Window Vista, Window XP, Window 7, Window 8
အလွန် အသုံးဝင်တဲ့ Music Management Tool တစ်ခုဖြစ်ပြီး ပျက်စီးနေတဲ့ WAV ဖိုင်တွေကို အရည်အသွေး ကောင်းမွန်အောင် ပြင်ဆင်နိုင်ပါတယ်။ အချို့သော CD အသံတွေမှာ ဖြစ်ပေါ်တတ်တဲ့ အသံမတည်ငြိမ်မှုတွေ၊ အက်ကွဲမှုတွေကိုလည်း ပြင်ဆင်ခြင်းတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဖိုင်အရွယ်အစား သေးငယ်ပြီး အခမဲ့ အသုံးပြုနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။
PDF-XChange Pro
PDF-XChange Pro
ဆော့ဝဲအမျိုးအစား - PDF Software
ဗားရှင်း - 4.0.0162
ဖိုင်အရွယ်အစား - 14.55 MB
အသုံးပြုနိုင်သည့် OS- Window2003, Window Vista, Window2000, Window XP
PDF-XChange ဟာ Adobe နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ PDF ဖိုင်ပြုလုပ်တဲ့ Software ဖြစ်ပါတယ်။ မည်သည့် Software Application မှမဆို PDF ဖိုင်များကို လွယ်ကူစွာ ဖန်တီး ပြုလုပ်နိုင်ပါတယ်။
ဆော့ဖ်ဝဲရယူရန်
ဆော့ဖ်ဝဲရယူရန်
Free GIF Effect Application
Free GIF Effect Application
ဆော့ဝဲအမျိုးအစား - Photo Editor
ဗားရှင်း - 1.0
ဖိုင်အရွယ်အစား - 7.6 MB
အသုံးပြုနိုင်သည့် OS- Window2003, WindowVista, Window2000, WindowXP, WindowMe, Window98, Window7, Window8
ဓါတ်ပုံတွေမှာ သက်ဝင်လှုပ်ရှားနေတဲ့ animated effect တွေကို အလွယ်တကူ ပေါင်းထည့်နိုင်မယ့် tool တစ်ခု ဖြစ်ပါတယ်။ GIF
animated ပုံတွေကို အထူးပြုလုပ်ထားတဲ့ Effect တွေနဲ့ အလွယ်တကူ ဖန်တီးယူနိုင်ပါတယ်။ မည်သည့် Format ကိုမဆို GIF အဖြစ်
ပြောင်းလဲ သိမ်းဆည်းနိုင်ပြီး ပုံအရွယ်အစားနဲ့ frame rate တို့ကိုလည်း ပြုပြင်နိုင်ပါသေးတယ်။
Free MP3 Quality Optimizer
Free MP3 Quality Optimizer
ဆော့ဝဲအမျိုးအစား - Music Management Software
ဗားရှင်း - 1.1
ဖိုင်အရွယ်အစား - 8.53 MB
အသုံးပြုနိုင်သည့် OS - Window2003/Window Vista/Window7/WindowXP/Window98/Window Me
မည်သည့် MP3 ဖိုင်တွေကိုမဆို အရည်အသွေး ပြင်ဆင်နိုင်ဖို့အတွက် ဖန်တီးရေးဆွဲထားတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ တခါတရံမှာ download ပြုလုပ်ထားတဲ့
MP3 ဖိုင်တွေဟာ အသံတိုးနေခြင်း၊ အသံအရည်အသွေး နိမ့်ကျနေခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ Free MP3 Quality Optimizer ကို အသုံး
ပြုပြီးတော့ 320Kbit/s, 48Khz, stereo စတဲ့အရည်အသွေးတွေကို ပြောင်းလဲ ပြင်ဆင်နိုင်ပါတယ်။ စွမ်းဆောင်ရည် ပြည့်၀ ကောင်းမွန်ပြီး အဆင်ပြေစွာ
အသုံးပြုနိုင်ပါတယ်။
ဆော့ဖ်ဝဲရယူရန်
Bolide Slideshow Creator
Bolide Slideshow Creator
ဆော့ဝဲအမျိုးအစား - Video Editing Player
ဗားရှင်း - 2.0 build 2000
ဖိုင်အရွယ်အစား - 8.44 MB
အသုံးပြုနိုင်သည့် OS - Window2003/Window Vista/Window7/WindowXP/Window8
အမှတ်ရဖွယ် ဗီဒီယို Slideshow တွေ လွယ်ကူလျှင်မြန်စွာဖန်တီးနိုင်ပါတယ်။ နှစ်သက်ရာ တေးသီချင်းတွေကို Slideshow ထဲမှာ ထည့်သွင်းအသုံးပြုနိုင်ပြီး ဓါတ်ပုံတွေနဲ့ အမှတ်တရ ဗီဒီယိုတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ပုံတွေတိုင်းကို အကောင်းဆုံး ပြုပြင်နိုင်သလို တစ်ပုံချင်းစီမှာလည်း comment တွေ ထည့်သွင်းနိုင် ပါတယ်။ ပြုလုပ်ရတာလည်း လျှင်မြန်လွယ်ကူပါတယ်။
အောက်တွင်
ဆော့ဖ်ဝဲရယူရန်
ဆော့ဝဲအမျိုးအစား - Video Editing Player
ဗားရှင်း - 2.0 build 2000
ဖိုင်အရွယ်အစား - 8.44 MB
အသုံးပြုနိုင်သည့် OS - Window2003/Window Vista/Window7/WindowXP/Window8
အမှတ်ရဖွယ် ဗီဒီယို Slideshow တွေ လွယ်ကူလျှင်မြန်စွာဖန်တီးနိုင်ပါတယ်။ နှစ်သက်ရာ တေးသီချင်းတွေကို Slideshow ထဲမှာ ထည့်သွင်းအသုံးပြုနိုင်ပြီး ဓါတ်ပုံတွေနဲ့ အမှတ်တရ ဗီဒီယိုတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ပုံတွေတိုင်းကို အကောင်းဆုံး ပြုပြင်နိုင်သလို တစ်ပုံချင်းစီမှာလည်း comment တွေ ထည့်သွင်းနိုင် ပါတယ်။ ပြုလုပ်ရတာလည်း လျှင်မြန်လွယ်ကူပါတယ်။
အောက်တွင်
ဆော့ဖ်ဝဲရယူရန်
Wednesday, February 26, 2014
Facebook Page ကို apk ပြုလုပ်ရန်
၁။ mobile.condult.com ဝက်ဘ်ဆိုဒ် ကိုသွားပြီး Create App ကိုနှိပ်ပါ။
၂။ ပြုလုပ်မဲ့ Facebook page ကို ထည့်သွင်းပြီး Create App ကိုနှိပ်ပါ။
၃။ Menu bar က Content မှာ ဝင်ရောက်ပြီး App name ကို ထည့်သွင်းပေးပါ။ Background မှာ
မိမိနှစ်သက်တဲ့ အရောင်ကို ထည့်နိုင်ပြီး Layout နေရာမှာတော့ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ဖန်တီးနိုင်ပါတယ်။
၄။ Menu bar ရဲ့ Style ကိုဝင်လိုက်ရင်တော့ App name ကို Text နဲ့ ဖေါ်ပြမှာလားဆိုတာကို
ဖြည့်သွင်းပေးရမှာပါ။ Background အရောင်တွေကို ပြောင်းလဲနိုင်ပြီး ကိုယ်ကြိုက်တဲ့ အရောင်တွေကိုလည်း
ကွန်ပျူတာကနေ Upload ပြုလုပ် ထည့်သွင်းနိုင်ပါတယ်။
၅။ Info နေရာမှာကတော့ Apk ရဲ့ Logo နဲ့ Screen Wallpaper ကိုပါ ပြောင်းလဲနိုင်ပါတယ်။ ပြီးရင်
Save & Continue ကိုနှိပ်ပါ။
၆။ Application ရယူလိုသူရဲ့ E mail နဲ့ Password ထည့်ပေးပြီး Continue ကိုနှိပ်ပါ။
Choose Your Plan ဆိုတဲ့နေရာမှာ Basic Plan ကို ရွေးချယ်ပါ။
၇။ Android, iPhone နဲ့ iPad ကိုယ်နှစ်သက်ရာ Application ကို Download ရယူနိုင်ပါပြီ။
Window အတက်မြန်စေရန်
Window အတက်မြန်စေရန် မသုံးတဲ့ Program တွေဖယ်ထုတ်ကြရအောင်.....
Start မှ Run ကိုနှိပ်ပါ။
"msconfig" လို့ရိုက်ထည့်ပါ။
System Configuration Utility Box ပေါ်လာပါမယ်။
Start up Tab ကိုနှိပ်ပါ။
Mozilla Firebox တွင် Save လုပ်ထားသည့် Password များကို ဖယ်ရှားခြင်း
Mozilla Firebox အသုံးပြုတဲ့သူတွေ အနေနဲ့ Web Site တစ်ခုကို အသုံးပြုတဲ့အခါမှာ User Name
ကို ဝင်ရောက်ဖြည့်စွက်လိုက်တာနဲ့ Password ကို အလိုအလျှောက် မှတ်မိစေဖို့ Remember Password
ကို မှတ်ထားတတ်ကြပါတယ်။ ဒါဟာ မိမိတစ်ဦး တစ်ယောက်အတွက် အဆင်ပြေပေမဲ့ လုံခြုံမှုတော့ မရှိပါဘူး။
Remember Password ကို ပယ်ဖျက်ချင်တယ်ဆိုရင် Mozilla Firebox Browser ရဲ့ Tool Menu ထဲကို
သွားရမှာ ဖြစ်ပါတယ်။ ပြီးရင် Options ကို ရွေးချယ်ပေးပြီး Security Tab ကို ရွေးချယ်ပါ။ ပြီးရင်
Save Password ဆိုတဲ့ Button ကိုရွေးချယ်ပြီး မလိုချင်တဲ့ Password နဲ့ User Name တွေကို
Remove လုပ်ပြီးဖယ်ရှား နိုင်မှာ ဖြစ်ပါတယ်။ Password တွေကို မမှတ်မိလို ကြည့်ချင်ရင်လည်း
Show Password Button ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
Monday, February 10, 2014
ဖုန်း Sim Card လော့ကျသွားရင် ဖြေရှင်းနည်း
ဖုန်းဝယ်ပြီးလို့ Sim Card ကို ချိုးလိုက်ပြီးရင် ဘေးက Cover Card ကလေးကို
သိမ်းထားရပါမယ်။
အကြောင်းအမျိုးမျိုးကြောင့် Sim Card လော့ကျသွားရင် ဖုန်းလိုင်းပျောက်ပြီး
unlock ပြန်လုပ်ဖို့ ဖုန်းက PUK code တောင်းပါလိမ့်မယ်။
unlock ပြန်လုပ်ဖို့ကတော့ Cover Card က PUK Code (၈)လုံးကို ရိုက်ထည့်လိုက်ပါ။
ပြီးရင် OK ကို နှိပ်ပါ။
PIN number အသစ် ပြန်လုပ်ခိုင်းပါလိမ့်မယ်။
12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ။
နောက်ထပ် confirm လုပ်ခိုင်းပါလိမ့်မယ်။
12345 ထပ်ရိုက်ပြီး OK နှိပ်လိုက်ပါ။
Sim Lock ပြုတ်ပြီး ဖုန်းလိုင်း ပြန်တက်လာပါလိမ့်မယ်။
Online မှ mobile app ပြုလုပ်ခြင်း
ပထမဦးစွာ www.appsgeyser.com သို့သွားပါ။
Create app ကို ကလစ်နှိပ်ပြီး ဝင်ပါ။
WEBSITE ကို apk ဖိုင် အဖြစ် ပြောင်းမှာဖြစ်လို့ WEBSITE ကို ကလစ်နှိပ်ပါ။
မိမိပြုလုပ်ချင်တဲ့ apk ရဲ့ Web site Link, app name နဲ့ ပေးချင်တဲ့ စာသားတွေကို
ထည့်သွင်းပေးပါ။
Web site မှာပါတဲ့ icon အနေနဲ့ ထားနိုင်သလို ကိုယ်ကြိုက်တဲ့ icon ကိုလည်း ပြောင်းနိုင်ပါတယ်။
Screen Orientation မှာ Auto ပြုလုပ်တာ ပိုကောင်းပါတယ်။
အားလုံးပြီးသွားရင် CREATE APP ကိုနှိပ်ပါ။
SIGN UP ပြုလုပ်ရန် First Name, Last Name, E-mail နဲ့ Password တွေကိုဖြည့်ပြီး SIGN UP လုပ်ပါ။
Download အောက်က Link ကိုနှိပ်လိုက်ရင် Get Our App ဆိုတဲ့နေရာကို ရောက်သွားမှာဖြစ်ပြီး
Download App ကို ကလစ်နှိပ်လိုက်ရင် mobile app တစ်ခုရပါပြီ။
Print Spooler Error ဖြေရှင်းနည်း
မိတ်ဆွေတို့မှာ print spooler erorကြောင့်ပဲ ဖြစ်ဖြစ်၊ Document တခုခုကို
Print ပေးလိုက် တာနဲ့ ဟမ်းနေတာပဲဖြစ်ဖြစ်၊ မိမိရဲ့စက်မှာ ဘယ်လိုပဲ printer
driver တင်တင် တင်လို့မရတာပဲ ဖြစ်ဖြစ်၊localnetwork ပေါ်မှာ Printer ထုတ် မရ
တာပဲ ဖြစ်ဖြစ် ကြုံတွေ့လာခဲ့ရင် ပြုလုပ်နိုင်ဖို့အတွက် print spooler Errorများ ဖြေ ရှင်း
နည်းက အကူအညီ ပေးပါလိမ့် မယ်။
၁။ start > run, run box ထဲမှာ services.
msc လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။
၂။ အဲဒီ services တွေထဲမှာ print spooler
service ကို ရှာတွေ့ရင် Right Click နှိပ်>start ကို ရွေးပါ။ ok နဲ့ထွက်ပါ။
၃။စက်ကိုRert ပြန်ချပြီး ပြန်တက်တက်ချင်း keyboard ကနေ F8 ကိုနှိပ်ထားပါ။
မလွတ်ပါစေပါနဲ့။ စာတွေ အများကြီး ကျလာပါလိမ့်မယ်။
အဲဒီစာတွေ ထဲမှာမှ Safe Mode ဆိုတာကို ရွေးပြီး Enter ခေါက်ပါ။
(Windows ကို Normal မတက်ခိုင်းပဲ၊ SafeMode နဲ့တက်ခိုင်းခြင်း ဖြစ်ပါတယ်။)
၄။ C:\ WINDOWS \ system 32 \ spool \ PRINTERS နှင့်
C:\WINDOWS\system32\spool\drivers
ဆိုတဲ့ လမ်းကြောင်း ၂ခုလုံးကို ရောက်အောင်သွားပြီး အဲဒီ Folder တွေထဲမှာ ရှိတဲ့ file တွေ၊
folder တွေ အားလုံးကို delete လုပ်ပါ။
၅။ start>run။ run box ထဲမှာ regedit လို့ရိုက်ပြီး Enter ခေါက်ပါ။ registry ထဲမှာ
ဝင်မှာ ဆိုတော့ ကြိုပြီးတော့ registry ကို Backup လုပ်ထားဖို့လိုလာပါပြီ။
Backup လုပ်ချင်ရင် File Menu>Export ပြီးရင် save လုပ်ပါ။
၆။HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Print\
Environments\Windows NT x86\Drivers ဆိုတဲ့လမ်း ကြောင်း အတိုင်းသွားပါ။
အဲဒီထဲမှာVersion - 2 or 3ဆိုတဲ့ folder ရှိပါလိမ့်မယ်။
အဲဒါကို epand ဖြန့်ချပါ။ ပေါ်လာတဲ့ printer folder တွေကို delete လုပ်ပစ်ပါ။
၇။HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Print\Monitors
ဆိုတဲ့လမ်း ကြောင်း အတိုင်းသွားပါ။ Monitors ကို expand ဖြန့်ချပါ။ ပေါ်လာမဲ့ Folder
List ထဲ မှာ အခု ရေးပြမဲ့ List ပဲ ရှိရပါမယ်။ ကျန်တာတွေရှိရင် delete လုပ်ပါ။
- BJ Language Monitor
- Local Port
- PJL Language Monitor
- Standard TCP/IP Port
- USB Monitor
အားလုံးမှန်ပြီဆိုရင် စက်ကို Restart ချပြီး Windows ကို Normal အတိုင်းပြန်ပါ။
ဒီနည်းလေးနဲ့ Printer ပြဿနာ များ အဆင် ပြေ ခဲ့ပါ လိမ့်မယ်။
Thursday, January 23, 2014
android pattern lock ဖြည်နည်း
android patten lock ဖြည်နည်း။
Android ဖုန်းတွေအသုံးပြုရင်း Pattern lock ချပြီးမေ့တတ်ကြပါတယ်။
Pattern lock မေ့သွားပြီဆိုရင် တခါနှစ်ခါလောက်ကြိုးစားကြည့်ပါမရရင်ထပ်မဆွဲပါနဲ့တော့အခြေအနေပိုဆိုးပြီး FactoryResetပါချရတတ်ပါတယ်။
နည်း ( ၁ )
pattern lock ကိုမမေ့ခင်အချိန်ကUSB Debug ON ခဲ့မိဖို့လိုပါတယ်။
ON မထားခဲ့ရင် Computer က ဖုန်းကိုမသိနိုင်ပါဘူး။
လိုအပ်သော software
moborobo software ယူရန်…
Screen lock by pass app ယူရန်…
လိုတာဒေါင်းပြီးသွားရင် အရင်ဆုံး moborobo လေးကိုမိမိ ကွန်ပြူတာမှာသွင်းလိုက်ပါ။
ပြီးရင် Screen lock by pass ဆိုတာလေးကို my documents>>moborobo>>downloadcenter>>software>>ANDROID ဖိုင်ထဲသွားထည့်လိုက်ပါ။
ဖုန်းကိုကွန်ပြူတာနဲ့ချိတ်လိုက်ပါ…moborobo ကိုဖွင့်လိုက်ပါ။
apps ဆိုတဲ့ tab လေးကိုသွား Screen lock by pass application လေးကိုကလစ်ပြီး သွင်းပေးလိုက်ပါ။
ဖုန်းကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ။
ပြန်တက်လာရင် ပွင့်နေပါလိမ်မည်။
...............................................................
နည်း ( ၂ )
pattern lock ကိုမမေ့ခင်အချိန်ကUSB Debug ON ခဲ့မိဖို့လိုပါတယ်။
ON မထားခဲ့ရင် Computer က ဖုန်းကိုမသိနိုင်ပါဘူး။
လိုအပ်သော software
Remove Pattern zip ယူရန်
zip ဖိုင်ကိုဖြည်ပါ။
ဖြည်ထားတဲ့ဖိုင်ဆီကိုသွားပါ။ remove pattern ဆိုတာလေး run လိုက်ပါ။
press any key to continue လို့ပေါ်လာရင် enter ခေါက်ပေးလိုက်ပါ။
..................................................................
နည်း (၃)
Contact, Message နဲ့ Application တွေကို အကုန်ဖျက်ပြစ်မှာဖြစ်ပါတယ်။
ဒါကြောင့် Hard Reset မလုပ်မီ မိမိဖုန်းကို Computer နဲ့ချိတ်ပြီး PC Suite တစ်ခုခုနဲ့ Backup အရင်လုပ်ထားပါ။
အရင်ဆုံး SD ကဒ် နဲ့ SIM ကဒ်ကိုဖြုတ်ထားလိုက်ပါ။
Hard Reset လုပ်ရန်အတွက် Recovery ထဲကိုဝင်ရပါမယ်။
Recovery ထဲဝင်နည်းတွေကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးမတူကြပါဘူး။
မိမိဖုန်းရဲ့ Hard Reset Key ကိုလိုချင်ရင်တော့ ဒီနေရာမှာ မှာ ရှာကြည့်ပါ။
Huawei Y210 ရဲ့ Recovery Mode ထဲကိုဝင်ပါမယ်။
(၁) ပထမဆုံးအနေနဲ့ ဖုန်းကိုပါဝါပိတ်လိုက်ပါ (သို့မဟုတ်) Battery ကိုစက္ကန့်အနည်းငယ် ထုတ်ပြီး ပြန်ထည့်ပါ။
(၂) Volume Up နှင့် Power ခလုတ်ကို တွဲပြီးဖိထားပါ။
Recovery Mode ထဲရောက်ရင်ဖိထားတာကိုလွှတ်လိုက်ပါ..။
Recovery Mode ထဲတွင် Touch Screen အလုပ်မလုပ်ပါ။
ဒါကြောင့် မိမိရွေးလိုသောစာကြောင်းကိုသွားရန် Volume Up နဲ့Volume Down
ခလုတ်တွေကိုသုံးပါ။
လိုချင်သောစာကြောင်းကိုရောက်ရင် Power Button ကိုတစ်ချက်နှိပ်ပါ
(၃) အဲဒီထဲက factory reset/Wipe data ဆိုတာကိုရွေးပြီး Power ကိုနှိပ်ပြီး Yes ကိုရွေးပေးလိုက်ပါ။
(၄) အားလုံးပြီးရင် Power ကိုခဏဖိထားပြီး Reboot system now ကိုရွေးပေးလိုက်ပါ။
(၅) ဒါဆိုရင် ဖုန်းပြန်တက်လာတဲ့အခါမှာ Pattern Lock ဖြည်ပြီးသွားပါပြီ
..............................................................................
Subscribe to:
Comments (Atom)



