Mozilla Firebox အသုံးပြုတဲ့သူတွေ အနေနဲ့ Web Site တစ်ခုကို အသုံးပြုတဲ့အခါမှာ User Name
ကို ဝင်ရောက်ဖြည့်စွက်လိုက်တာနဲ့ Password ကို အလိုအလျှောက် မှတ်မိစေဖို့ Remember Password
ကို မှတ်ထားတတ်ကြပါတယ်။ ဒါဟာ မိမိတစ်ဦး တစ်ယောက်အတွက် အဆင်ပြေပေမဲ့ လုံခြုံမှုတော့ မရှိပါဘူး။
Remember Password ကို ပယ်ဖျက်ချင်တယ်ဆိုရင် Mozilla Firebox Browser ရဲ့ Tool Menu ထဲကို
သွားရမှာ ဖြစ်ပါတယ်။ ပြီးရင် Options ကို ရွေးချယ်ပေးပြီး Security Tab ကို ရွေးချယ်ပါ။ ပြီးရင်
Save Password ဆိုတဲ့ Button ကိုရွေးချယ်ပြီး မလိုချင်တဲ့ Password နဲ့ User Name တွေကို
Remove လုပ်ပြီးဖယ်ရှား နိုင်မှာ ဖြစ်ပါတယ်။ Password တွေကို မမှတ်မိလို ကြည့်ချင်ရင်လည်း
Show Password Button ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
No comments:
Post a Comment