android patten lock ဖြည်နည်း။
Android ဖုန်းတွေအသုံးပြုရင်း Pattern lock ချပြီးမေ့တတ်ကြပါတယ်။
Pattern lock မေ့သွားပြီဆိုရင် တခါနှစ်ခါလောက်ကြိုးစားကြည့်ပါမရရင်ထပ်မဆွဲပါနဲ့တော့အခြေအနေပိုဆိုးပြီး FactoryResetပါချရတတ်ပါတယ်။
နည်း ( ၁ )
pattern lock ကိုမမေ့ခင်အချိန်ကUSB Debug ON ခဲ့မိဖို့လိုပါတယ်။
ON မထားခဲ့ရင် Computer က ဖုန်းကိုမသိနိုင်ပါဘူး။
လိုအပ်သော software
moborobo software ယူရန်…
Screen lock by pass app ယူရန်…
လိုတာဒေါင်းပြီးသွားရင် အရင်ဆုံး moborobo လေးကိုမိမိ ကွန်ပြူတာမှာသွင်းလိုက်ပါ။
ပြီးရင် Screen lock by pass ဆိုတာလေးကို my documents>>moborobo>>downloadcenter>>software>>ANDROID ဖိုင်ထဲသွားထည့်လိုက်ပါ။
ဖုန်းကိုကွန်ပြူတာနဲ့ချိတ်လိုက်ပါ…moborobo ကိုဖွင့်လိုက်ပါ။
apps ဆိုတဲ့ tab လေးကိုသွား Screen lock by pass application လေးကိုကလစ်ပြီး သွင်းပေးလိုက်ပါ။
ဖုန်းကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ။
ပြန်တက်လာရင် ပွင့်နေပါလိမ်မည်။
...............................................................
နည်း ( ၂ )
pattern lock ကိုမမေ့ခင်အချိန်ကUSB Debug ON ခဲ့မိဖို့လိုပါတယ်။
ON မထားခဲ့ရင် Computer က ဖုန်းကိုမသိနိုင်ပါဘူး။
လိုအပ်သော software
Remove Pattern zip ယူရန်
zip ဖိုင်ကိုဖြည်ပါ။
ဖြည်ထားတဲ့ဖိုင်ဆီကိုသွားပါ။ remove pattern ဆိုတာလေး run လိုက်ပါ။
press any key to continue လို့ပေါ်လာရင် enter ခေါက်ပေးလိုက်ပါ။
..................................................................
နည်း (၃)
Contact, Message နဲ့ Application တွေကို အကုန်ဖျက်ပြစ်မှာဖြစ်ပါတယ်။
ဒါကြောင့် Hard Reset မလုပ်မီ မိမိဖုန်းကို Computer နဲ့ချိတ်ပြီး PC Suite တစ်ခုခုနဲ့ Backup အရင်လုပ်ထားပါ။
အရင်ဆုံး SD ကဒ် နဲ့ SIM ကဒ်ကိုဖြုတ်ထားလိုက်ပါ။
Hard Reset လုပ်ရန်အတွက် Recovery ထဲကိုဝင်ရပါမယ်။
Recovery ထဲဝင်နည်းတွေကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးမတူကြပါဘူး။
မိမိဖုန်းရဲ့ Hard Reset Key ကိုလိုချင်ရင်တော့ ဒီနေရာမှာ မှာ ရှာကြည့်ပါ။
Huawei Y210 ရဲ့ Recovery Mode ထဲကိုဝင်ပါမယ်။
(၁) ပထမဆုံးအနေနဲ့ ဖုန်းကိုပါဝါပိတ်လိုက်ပါ (သို့မဟုတ်) Battery ကိုစက္ကန့်အနည်းငယ် ထုတ်ပြီး ပြန်ထည့်ပါ။
(၂) Volume Up နှင့် Power ခလုတ်ကို တွဲပြီးဖိထားပါ။
Recovery Mode ထဲရောက်ရင်ဖိထားတာကိုလွှတ်လိုက်ပါ..။
Recovery Mode ထဲတွင် Touch Screen အလုပ်မလုပ်ပါ။
ဒါကြောင့် မိမိရွေးလိုသောစာကြောင်းကိုသွားရန် Volume Up နဲ့Volume Down
ခလုတ်တွေကိုသုံးပါ။
လိုချင်သောစာကြောင်းကိုရောက်ရင် Power Button ကိုတစ်ချက်နှိပ်ပါ
(၃) အဲဒီထဲက factory reset/Wipe data ဆိုတာကိုရွေးပြီး Power ကိုနှိပ်ပြီး Yes ကိုရွေးပေးလိုက်ပါ။
(၄) အားလုံးပြီးရင် Power ကိုခဏဖိထားပြီး Reboot system now ကိုရွေးပေးလိုက်ပါ။
(၅) ဒါဆိုရင် ဖုန်းပြန်တက်လာတဲ့အခါမှာ Pattern Lock ဖြည်ပြီးသွားပါပြီ
..............................................................................
No comments:
Post a Comment