၁။ mobile.condult.com ဝက်ဘ်ဆိုဒ် ကိုသွားပြီး Create App ကိုနှိပ်ပါ။
၂။ ပြုလုပ်မဲ့ Facebook page ကို ထည့်သွင်းပြီး Create App ကိုနှိပ်ပါ။
၃။ Menu bar က Content မှာ ဝင်ရောက်ပြီး App name ကို ထည့်သွင်းပေးပါ။ Background မှာ
မိမိနှစ်သက်တဲ့ အရောင်ကို ထည့်နိုင်ပြီး Layout နေရာမှာတော့ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ဖန်တီးနိုင်ပါတယ်။
၄။ Menu bar ရဲ့ Style ကိုဝင်လိုက်ရင်တော့ App name ကို Text နဲ့ ဖေါ်ပြမှာလားဆိုတာကို
ဖြည့်သွင်းပေးရမှာပါ။ Background အရောင်တွေကို ပြောင်းလဲနိုင်ပြီး ကိုယ်ကြိုက်တဲ့ အရောင်တွေကိုလည်း
ကွန်ပျူတာကနေ Upload ပြုလုပ် ထည့်သွင်းနိုင်ပါတယ်။
၅။ Info နေရာမှာကတော့ Apk ရဲ့ Logo နဲ့ Screen Wallpaper ကိုပါ ပြောင်းလဲနိုင်ပါတယ်။ ပြီးရင်
Save & Continue ကိုနှိပ်ပါ။
၆။ Application ရယူလိုသူရဲ့ E mail နဲ့ Password ထည့်ပေးပြီး Continue ကိုနှိပ်ပါ။
Choose Your Plan ဆိုတဲ့နေရာမှာ Basic Plan ကို ရွေးချယ်ပါ။
၇။ Android, iPhone နဲ့ iPad ကိုယ်နှစ်သက်ရာ Application ကို Download ရယူနိုင်ပါပြီ။

No comments:
Post a Comment