မိတ်ဆွေတို့မှာ print spooler erorကြောင့်ပဲ ဖြစ်ဖြစ်၊ Document တခုခုကို
Print ပေးလိုက် တာနဲ့ ဟမ်းနေတာပဲဖြစ်ဖြစ်၊ မိမိရဲ့စက်မှာ ဘယ်လိုပဲ printer
driver တင်တင် တင်လို့မရတာပဲ ဖြစ်ဖြစ်၊localnetwork ပေါ်မှာ Printer ထုတ် မရ
တာပဲ ဖြစ်ဖြစ် ကြုံတွေ့လာခဲ့ရင် ပြုလုပ်နိုင်ဖို့အတွက် print spooler Errorများ ဖြေ ရှင်း
နည်းက အကူအညီ ပေးပါလိမ့် မယ်။
၁။ start > run, run box ထဲမှာ services.
msc လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။
၂။ အဲဒီ services တွေထဲမှာ print spooler
service ကို ရှာတွေ့ရင် Right Click နှိပ်>start ကို ရွေးပါ။ ok နဲ့ထွက်ပါ။
၃။စက်ကိုRert ပြန်ချပြီး ပြန်တက်တက်ချင်း keyboard ကနေ F8 ကိုနှိပ်ထားပါ။
မလွတ်ပါစေပါနဲ့။ စာတွေ အများကြီး ကျလာပါလိမ့်မယ်။
အဲဒီစာတွေ ထဲမှာမှ Safe Mode ဆိုတာကို ရွေးပြီး Enter ခေါက်ပါ။
(Windows ကို Normal မတက်ခိုင်းပဲ၊ SafeMode နဲ့တက်ခိုင်းခြင်း ဖြစ်ပါတယ်။)
၄။ C:\ WINDOWS \ system 32 \ spool \ PRINTERS နှင့်
C:\WINDOWS\system32\spool\drivers
ဆိုတဲ့ လမ်းကြောင်း ၂ခုလုံးကို ရောက်အောင်သွားပြီး အဲဒီ Folder တွေထဲမှာ ရှိတဲ့ file တွေ၊
folder တွေ အားလုံးကို delete လုပ်ပါ။
၅။ start>run။ run box ထဲမှာ regedit လို့ရိုက်ပြီး Enter ခေါက်ပါ။ registry ထဲမှာ
ဝင်မှာ ဆိုတော့ ကြိုပြီးတော့ registry ကို Backup လုပ်ထားဖို့လိုလာပါပြီ။
Backup လုပ်ချင်ရင် File Menu>Export ပြီးရင် save လုပ်ပါ။
၆။HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Print\
Environments\Windows NT x86\Drivers ဆိုတဲ့လမ်း ကြောင်း အတိုင်းသွားပါ။
အဲဒီထဲမှာVersion - 2 or 3ဆိုတဲ့ folder ရှိပါလိမ့်မယ်။
အဲဒါကို epand ဖြန့်ချပါ။ ပေါ်လာတဲ့ printer folder တွေကို delete လုပ်ပစ်ပါ။
၇။HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Print\Monitors
ဆိုတဲ့လမ်း ကြောင်း အတိုင်းသွားပါ။ Monitors ကို expand ဖြန့်ချပါ။ ပေါ်လာမဲ့ Folder
List ထဲ မှာ အခု ရေးပြမဲ့ List ပဲ ရှိရပါမယ်။ ကျန်တာတွေရှိရင် delete လုပ်ပါ။
- BJ Language Monitor
- Local Port
- PJL Language Monitor
- Standard TCP/IP Port
- USB Monitor
အားလုံးမှန်ပြီဆိုရင် စက်ကို Restart ချပြီး Windows ကို Normal အတိုင်းပြန်ပါ။
ဒီနည်းလေးနဲ့ Printer ပြဿနာ များ အဆင် ပြေ ခဲ့ပါ လိမ့်မယ်။