Saturday, August 21, 2021

Excel Formula ဖြင့် ကျား/မ ခွဲနည်း


 

Excel က Cell ကွက် A2 မှာ ရှေ့ဆုံးက " ဦး၊ ကို၊ မောင်၊ ဒေါ်၊မ" ပါသောနံမည်တစ်ခုရေးပါ။

Cell ကွက် B2 မှာ

=IF(OR(LEFT(A2,2)="ဦး",LEFT(A2,5)="မောင်",LEFT(A2,3)="ကို"),"ကျား","မ")

ကိုရေးပါ။

ကျား/မ ခွဲခြားပေးသွားပါလိမ့်မည်။

👇👇👇👇👇👇👇👇👇👇👇👇

မှတ်ချက်။     "ကျား"မှန်းမသိ "မ"မှန်းမသိသူများကို "မ"ဟုဖေါ်ပြပေးပါမည်။ 😀😀😀😀

Monday, August 9, 2021

Text Functions

 


Text Functions - TRIM FORMULA

Excel က Cell ကွက် A1 မှာ  

thannya2013          blogspot   Com လို့ရေးပါ။

ရေးထားတဲ့စာသားတွေမှာ Space Bar တွေ (၁)ခုထက်ပိုပြီး ခြားနားနေပါတယ်။

ဒါကို TRIM FORMULA နဲ့ Space Bar (၁) ခုစီခြားအောင် ရေးလို့ရပါတယ်။

အမှန်ရေးချင်တဲ့ Cell ကွက် (B1) မှာ

=TRIM(A1) လို့ရေးပြီး Enter ခေါက်ပါ။

thanna2013 blogspot com ဆိုပြီး Space Bar (၁) ခုစီခြားသွားပါလိမ့်မယ်။

 👇👇👇👇👇👇👇👇👇👇👇👇

Text Functions - PROPER FORMULA

Excel က Cell ကွက် A2 မှာ  thanna2013 blogspot com လို့ရေးပါ။

ရေးထားတဲ့စာသားတွေမှာ အစ စာလုံးတွေက အသေးစာလုံး(small letter) တွေပါ။

ဒါကို PROPER FORMULA နဲ့ အစ စာလုံးတွေ အကြီးစာလုံး(Capital Letters)တွေဖြစ်အောင် ရေးလို့ရပါတယ်။

အမှန်ရေးချင်တဲ့ Cell ကွက် (B2) မှာ

=PROPER(A2) လို့ရေးပြီး Enter ခေါက်ပါ။

Thanna2013 Blogspot Com ဆိုပြီး အစ စာလုံးတွေ အကြီးစာလုံး(Capital Letters)တွေဖြစ်သွားပါလိမ့်မယ်။

 👇👇👇👇👇👇👇👇👇👇👇👇👇👇👇

Text Functions - SUBSTITUTE FORMULA

Excel က Cell ကွက် A3 မှာ  thanna2013 blogspot com လို့ရေးပါ။

ရေးထားတဲ့စာသားတွေထဲက Space bar နေရာတွေမှာ Dot( . )တွေကို အစားထိုးပါမယ်။

အမှန်ရေးချင်တဲ့ Cell ကွက် (B3) မှာ

=SUBSTITUTE(A3," ",".") လို့ရေးပြီး Enter ခေါက်ပါ။

thanna2013.blogspot.com ဆိုပြီး အစားထိုးသွားပါလိမ့်မယ်။

 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

Text Functions - UPPER FORMULA

Excel က Cell ကွက် A4 မှာ  thanna2013 blogspot com လို့ရေးပါ။

ရေးထားတဲ့စာသားတွေ အကုန်လုံး အကြီးစာလုံး(Capital Letters)တွေ ဖြစ်အောင်ရေးပါမယ်။

ရေးချင်တဲ့ Cell ကွက် (B4) မှာ

=UPPER(A4) လို့ရေးပြီး Enter ခေါက်ပါ။

THANNYA BLOGSPORT COM ဆိုပြီး အကြီးစာလုံး(Capital Letters)တွေ ဖြစ်သွားပါလိမ့်မယ်။

 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

Text Functions - LOWER FORMULA

Excel က Cell ကွက် A5 မှာ  Thanna2013 Blogspot Com လို့ရေးပါ။

ရေးထားတဲ့စာသားတွေ အကုန်လုံး အသေးစာလုံး(Small Letter)တွေ ဖြစ်အောင်ရေးပါမယ်။

ရေးချင်တဲ့ Cell ကွက် (B5) မှာ

=LOWER(A5) လို့ရေးပြီး Enter ခေါက်ပါ။

thanna2013 blogspot com ဆိုပြီး အသေးစာလုံး(small Letter)တွေ ဖြစ်သွားပါလိမ့်မယ်။

👌👌👌👌👌👌👌👌👌👌👌👌👌👌👌👌👌